မောင်ပြုပြင် (ကျုံပျော်)
ပျားရည်အိုးထဲ
ယင်မဲ(မည်း)တကောင်
အတောင်ကျိုးပဲ့
ကျရောက်ခဲ့ပြီ။ ။
ပထမ
ဒေါသခက်ထန်
ရုန်းကန်နေဆဲ
ယင်မဲ.......ယင်မဲ
ရင်ကွဲမတတ်။
ပျားရည်ဆိုတာ
ချိုသလား
ခါးသလား
ငန်သလား
စဉ်းစားနေဆဲ.......ယင်မဲ။
ပျားရည်အရသာ
ယင်မဲမှာမသိ
မျိုကြည့်သောက်ကြည့်
ခံစားမိပြီ။
ပျားရည်ဆိုတာ
အရသာရှိ
သိလာတဲ့နောက်ပိုင်းမှာ။ ။
ဒေါသခက်ထန်
ရုန်းကန်တဲ့ယင်မဲ
"ပျားရည်အိုးထဲမှာ........."
"ပျားရည်အိုးထဲမှာ........."
မောင်ပြုပြင် (ကျုံပျော်)
၁၉၉၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
ဤကဗျာကို မဟေသီ မဂ္ဂဇင်း နှင့်
မကဒတ ကျောင်းသားတပ်မတော် မှ ထုတ်ဝေသော ဒေါင်းအိုးဝေ စာစောင်မှ ပြန်လည်ကူးယူဖော်ပြပါသည်။
နောက်ဆုံးရ မြန်မာသတင်းများ
5 years ago