မောင်ပြုပြင် ( ကျုံပျော်)
နေအပူ
လေအပူ
ဝှန်းဆူပွတ်ထ၊ ကာလဆယ်နေ။
ဆင်းရဲပြည်သူ
ရင်အပူ၊ ဝှန်းဆူပွတ်ထ
ဘဝထွေထွေ၊ ဆယ်နေလွန်ကဲ။
ခြောက်ကပ်ပိန်လှီ
ညှိုးရီမှိန်လျော့၊ ဖျော့တော့နွမ်းနယ်
ရင်ဝယ်သောက၊ စိတ်မှလောင်မြိုက်
အပူတိုက်သော်၊ ရုပ်၌ထင်းထင်း
အိုမင်းရင့်ရော်၊ ဒဏ်ရာပေါ်ခဲ့။
နေ၏တပ်မ
ကသုတ်ကရက်၊ ထွက်ပြေးနောက်ဆုတ်
ရုတ်တရက်ပင်၊ ကောင်ကင်အုံ့မှိုင်း
ရှစ်တိုင်းရှစ်ရပ်၊ ထစ်ချုန်းလတ်၍
အိုက်စပ်ပူပြင်း၊ မြေတလင်းကို
ချက်ခြင်းငြိမ်းအေးစေသည့်မိုး။
ရုပ်အပူကို
ဖေကူညှာတာ၊ အေးစေပါလည်း
ရင်မှာအပူ၊ ဘယ်သို့ကူ၍
ပြည်သူ၏ချွေး၊ ပူနွေးနွေးကို
အေးစေနိုင်မလား ငြိမ်းရိပ်မိုး။ ။
မောင်ပြုပြင် (ကျုံပျော်)
နောက်ဆုံးရ မြန်မာသတင်းများ
5 years ago
1 comment:
စာကောင်းပေကောင်းမှား ဖတ်ရတော့မယ်လို့ ယုံကြည်ပါတယ်။ ကျုံပျော် မောင်ပြုပြင်ရဲ့ မျိုးဆက်သစ်တွေကိုအားပေးပါတယ်။
လေးစားစွာဖြင့်
ကျော်နိုင်
Post a Comment