Wednesday, January 27, 2010

အဖေသို့

သျှင်နောင်ထွဏ်း

အဖေက..
ကျနော်ကို...
ပညာတတ်ဖြစ်စေချင်တယ်..
တက္ကသိုလ်ရောက်စေချင်တယ်..
ဘွဲ့ရတာကိုမြင်ချင်တယ်။
အမှန်တရား မိုးကောင်ကင်ထဲမှာ
လရောင်တွေဆိတ်သုဉ်း
မျက်ရည်တွေဖုံးနေတဲ့ဘဝများအတွက်
ယုံကြည်ချက်မိုးတိမ်တွေက
မျှော်လင့်ခြင်းကြယ်စင်တွေနဲ့
လက်ဆွဲနှုတ်ဆက်ချိန်မှာ.....
အဖေရယ်...
ကျနော်..
ကျောင်းသားသူပုန်ဖြစ်သွားတယ်။ ။

သျှင်နောင်ထွဏ်း

2 comments:

ဂျေဂျူဝိုင် said...

အပြာသည် အနီမဟုတ်
အနီသည် အပြာမဟုတ်သော အပြာရဲ့ အနီထံ တစ်ခေါက်

မဗေဒါ said...

ကိုပြာနီ..

ကျောင်းသားသူပုန်ဖြစ်သွားတာ ကြေကွဲနေတာလား..။

ဘာဖြစ်လို့ကိုထူးအိမ်သင်လိုမျိုးစောစောစီးစီးမပြန်သွားတာလဲ..။ မိုက်တာတွေကို နောင်တမရပါနဲ့တော့..။ ဖြေပါ..များများဖြေပါ..။

မဗေဒါ